ဖိလိပ္ပိဩဝါဒစာ 3:19
ထိုသူ တို့သည် ပျက်စီး ခြင်း၌ လမ်းဆုံး တတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိ တို့ဝမ်း ပေတည်း။ မိမိ တို့ ရှက်ကြောက် ဘွယ်သော အကျင့်၌ သာ မိမိတို့ဝါကြွား ကြ၏။ လောကီ အရာတို့ကိုသာ စိတ် စွဲလမ်းခြင်းရှိကြ၏။။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:29ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
Psalms 17:14အိုထာဝရဘုရား ၊ လောကီ သား ဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက် ကို လက် တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူ တို့သည် ယခုဘဝမှာ မိမိတို့အဘို့ ကိုခံရကြပါ၏။ သူ တို့အလို ကို ဘဏ္ဍာတော်နှင့် ပြည့်စုံ စေ တော်မူ၏။ သူ တို့သားသမီး တို့သည်လည်း ကြွယ်ဝ ၍ ၊ မြေး မြစ်စသည်တို့၌ မိမိ တို့ဥစ္စာ ကို ချန် ထားကြပါ၏။
Isaiah 56:10သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။
Ezekiel 34:3သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။
Micah 3:5ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊
Habakkuk 2:15မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။