ဖိလိပ္ပိဩဝါဒစာ 3:3
ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သောအရေဖျား လှီးခြင်းကို ခံသောသူဖြစ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 10:16သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
Psalms 105:3သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
Jeremiah 4:4အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။
Jeremiah 9:26အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။
John 4:23ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
Romans 2:25သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။