ဖိလိပ္ပိဩဝါဒစာ 4:9
သင်တို့သည် အထက်ကသင် ယူ ၍ ငါ ၌ ကြား မြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ ကျင့် လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 8:10တိုင်ပင်ကြလော့။ သင်တို့အကြံ သည် ပျက် လိမ့်မည်။ စီရင် ကြလော့။ စီရင်သည်အတိုင်း မ တည် ရ။ အကြောင်း မူကား၊ ဘုရား သခင်သည် ငါ တို့ဘက် ၌ ရှိတော်မူ၏။
Matthew 1:23ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။
Matthew 7:21သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
Matthew 28:20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။
Luke 8:21ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား ၍ နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
John 13:17ဤအရာ များကို သင် တို့သိ ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာ ရှိကြ၏။