Proverbs 11:24
စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 15:10အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
Psalms 112:9သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
Proverbs 19:17ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
Ecclesiastes 11:1သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
Haggai 1:6သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ ၏။ စား ရသော်လည်း ဝ စွာ မ စားရကြ။ သောက် ရသော်လည်း ဝစွာ မ သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ ဝတ်ရကြ။ အလုပ် လုပ်၍ အခ ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။
Haggai 2:16ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။