Proverbs 13:15
ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
Good understanding giveth favour: but the way of transgressors is hard.
In Context
14ပညာရှိ သောသူ၏တရား သည် အသေခံ ရာ ကျော့ကွင်း တို့မှ ၊ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
Cross References
1 Samuel 18:14ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။
Psalms 111:10ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။
Proverbs 4:19မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။
Proverbs 15:10လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
Luke 2:52ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။
Romans 6:21ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။