Proverbs 13:23
ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် ၊ မ တရား သော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက် တတ်၏။
မြန်မာကျမ်းစာ
In The King James Version
Much food is in the tillage of the poor: but there is that is destroyed for want of judgment.
In Context
Cross References
Proverbs 6:6အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
Proverbs 12:11မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဉာဏ် ချို့တဲ့ ၏။
Proverbs 27:18သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား ရ၏။ ထိုနည်းတူ ၊ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။
Proverbs 28:19လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။
Ecclesiastes 8:5အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။