Proverbs 14:13
လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။
မြန်မာကျမ်းစာ
In The King James Version
Even in laughter the heart is sorrowful; and the end of that mirth is heaviness.
In Context
12လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
14စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။
Cross References
Ecclesiastes 2:2ရယ်မော ခြင်းကို သင်သည် အရူး ဖြစ်၏ဟူ၍၎င်း၊ ရွှင်လန်း ခြင်းကို အဘယ်ကြောင့် ဤသို့ ပြု သနည်း ဟူ၍၎င်း ငါဆိုရ ၏။
Ecclesiastes 7:5လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။
Luke 16:25အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။
Revelation 18:7သူ သည် အကျိုးအပြစ်ကို ဆပ်ပေး သည်နည်းတူ သူ ၌ ဆပ်ပေး ကြလော့။ သူ ၏အကျင့် အတိုင်း နှစ်ဆ ထပ်၍ စီရင် ကြလော့။ သူ လောင်း သော ဖလား ၌ သူ့ အဘို့ နှစ်ဆ တိုး၍ လောင်း ကြလော့။