Proverbs 15:16
နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
မြန်မာကျမ်းစာ
In The King James Version
Better is little with the fear of the LORD than great treasure and trouble therewith.
In Context
Cross References
Proverbs 10:22ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။
Proverbs 17:1တအိမ် လုံးပြည့် သော ယဇ် ပူဇော်ပွဲကို ရန်တွေ့ သောစိတ် နှင့်စားရသည်ထက်၊ ငြိမ်သက် ခြင်းနှင့် ယှဉ် သော မုန့် တလုပ်စာသည်သာ၍ ကောင်း ၏။
Ecclesiastes 2:10ငါ့ မျက်စိ တပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမ ငြင်း ၊ ငါ့ စိတ် ရွှင်လန်း စရာ တစုံတခု ကိုမျှမ ပယ်။ ငါ ကြိုးစား သမျှ တို့၌ ဝမ်းမြောက် လျက်ရှိ ၍ ၊ ကြိုးစား ခြင်း အကျိုး ကိုခံရ၏။
Ecclesiastes 4:6ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေ ကို ကျက်စား ခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက် သာ၍ကောင်း ၏။
1 Timothy 6:6ရောင့်ရဲ သောစိတ်ပါလျှင်၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာ သော အကျိုး စီးပွားမှန်၏။