Proverbs 15:2
ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
မြန်မာကျမ်းစာ
In The King James Version
The tongue of the wise useth knowledge aright: but the mouth of fools poureth out foolishness.
In Context
1ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
3ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
Cross References
Psalms 59:7ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။
Proverbs 12:23ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။
Proverbs 15:23လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။
Proverbs 16:23ပညာ ရှိသောသူ ၏နှလုံး သည် သူ ၏နှုတ် ကို သွန်သင် ၍ ၊ သူ ၏နှုတ်ခမ်း တို့၌ ပညာ အတတ်ကို ထပ်လောင်း တတ်၏။
Ecclesiastes 10:12ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။