Proverbs 15:25
မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
The LORD will destroy the house of the proud: but he will establish the border of the widow.
In Context
24ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။
Cross References
Deuteronomy 10:17အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊
Job 24:21မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။
Psalms 10:14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
Psalms 52:5အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
Psalms 138:6ထာဝရဘုရား သည် မြင့်မြတ် တော်မူသော်လည်း ၊ စိတ်နှိမ့်ချ သောသူတို့ ကို ကြည့်ရှု တော်မူ၏။ စိတ်မြင့် သောသူတို့ ကိုကား ၊ အဝေး က သိ တော်မူ၏။
Proverbs 12:7မ တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား ၊ အမြဲ တည် ခြင်းရှိတတ်၏။