Proverbs 17:14
ရန်တွေ့ စ အမှုသည် ရေ ကန်ပေါင် ပေါက်စကဲ့သို့ဖြစ်သောကြောင့် ၊ ရန် မ တွေ့မှီတွေ့ စရာ အကြောင်းကို ရှောင် လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:8အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။
Judges 12:1ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊
2 Samuel 2:17ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
2 Chronicles 10:14ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။
2 Chronicles 25:17ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊
Proverbs 13:10မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။