Proverbs 18:10
ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
မြန်မာကျမ်းစာ
In The King James Version
The name of the LORD is a strong tower: the righteous runneth into it, and is safe.
In Context
9အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
11ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။
Cross References
Genesis 17:1ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။
Genesis 32:28နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
Exodus 6:3ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
1 Samuel 17:45ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
2 Samuel 22:3ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။
2 Samuel 22:51ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။