Proverbs 19:25
မထီမဲ့မြင် ပြုသောသူကို ရိုက် လျှင် ဉာဏ် တိမ် သောသူသည် သတိ ရလိမ့်မည်။ ဉာဏ် ကောင်းသော သူကို ဆုံးမ လျှင် ၊ သူသည် ပညာ တရားကို နားလည် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
24ပျင်းရိ သောသူသည်မိမိ လက် ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိ ပစပ် သို့ မ ခွံ့လို။
26အဘ ဥစ္စာ ကိုဖြုန်း၍ အမိ ကိုနှင်ထုတ် သော သားသည် အရှက်ခွဲ သောသား၊ ကဲ့ရဲ့ ခြင်းကိုခံစေသော သားဖြစ်၏။
Cross References
Deuteronomy 21:21မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
Proverbs 9:8မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။
Proverbs 17:10မိုက် သောသူသည် ဒဏ်ချက် တရာ ကို အမှုထား သည်ထက်၊ ပညာရှိ သောသူသည် ဆုံးမ သော စကားကို သာ၍ အမှု ထားတတ်၏။
Revelation 3:19ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။