Proverbs 20:11
သူငယ် သော်လည်း ၊ မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ၏။
မြန်မာကျမ်းစာ
In The King James Version
Even a child is known by his doings, whether his work be pure, and whether it be right.
In Context
10အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
12ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
Cross References
2 Chronicles 34:3အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
Psalms 58:3မတရား သောသူတို့ သည် အမိဝမ်း ထဲ မှစ၍ရိုင်း သောသဘောရှိကြ၏။ မွေး ကတည်းက လမ်း လွှဲ၍ မုသာ စကားကို ပြော တတ်ကြ၏။
Proverbs 22:15မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
Luke 1:15အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။
Luke 2:46သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ၍ ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။