Proverbs 20:18
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
မြန်မာကျမ်းစာ
In The King James Version
Every purpose is established by counsel: and with good advice make war.
In Context
17လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း ၊ စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။
Cross References
Judges 9:29ဤ လူ တို့သည် ငါ့ လက် သို့ ရောက် ပါစေသော။ သို့ဖြစ်လျှင် အဘိမလက် ကို ငါပယ် မည်ဟူ၍၎င်း၊ အဘိမလက် အား သင် ၏ ဗိုလ်ခြေ တို့ကို ပြင်ဆင် ၍ လာ တော့ဟူ၍၎င်း ဆို ၏။
Judges 20:7သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။
Judges 20:23ထာဝရဘုရား ထံ တော်သို့ သွား ၍ ညဦး ယံတိုင်အောင် ငိုကြွေး လျက် ၊ အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။
2 Samuel 2:26ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
2 Kings 18:20စစ်တိုက် လောက်အောင် ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီး သော စကား ကို သင်ဆို ပါသည်တကား။ ငါ့ ကို ပုန်ကန် ခြင်းငှါ အဘယ်သူ ကိုကိုးစား သနည်း
Proverbs 11:14အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။