Proverbs 20:22
ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Say not thou, I will recompense evil; but wait on the LORD, and he shall save thee.
In Context
21အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
23အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
Cross References
Deuteronomy 32:35အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
2 Samuel 16:12ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။
Psalms 37:34ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။
Proverbs 17:13အကြင်သူသည် ကျေးဇူး ကိုမသိ၊ မ ကောင်းသော အမှုနှင့် ဆပ် ၏။ ထိုသူ ၏အိမ် သည် မ ကောင်းသော အမှုနှင့် မ ကင်း မလွတ်ရ။
Proverbs 24:29သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
Lamentations 3:25ကိုယ်တော် ကို မြော်လင့် သောသူနှင့် ကိုယ်တော် ကို ရှာ သောသူ၏ စိတ် ဝိညာဉ်အား ထာဝရဘုရား သည် ကျေးဇူး ပြုတော်မူ၏။