Proverbs 22:24
စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
မြန်မာကျမ်းစာ
In The King James Version
Make no friendship with an angry man; and with a furious man thou shalt not go:
In Context
25လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။
Cross References
Proverbs 13:20ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။
Proverbs 21:24ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
2 Corinthians 6:14မယုံကြည် သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုး ကို မ ထမ်း ကြနှင့်။ တရား သော အမှုသည် မတရား သောအမှုကို အဘယ်သို့ လက်ခံ နိုင်မည်နည်း။ အလင်း သည်မှောင်မိုက် နှင့် အဘယ်သို့ ဆက်ဆံ နိုင်မည်နည်း။