Proverbs 22:6
သူငယ် သွားရာလမ်း ဝ ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ မ လွှဲ၊ လိုက် သွားလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Train up a child in the way he should go: and when he is old, he will not depart from it.
In Context
7ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ၌ ကျွန် ဖြစ်၏။
Cross References
Deuteronomy 4:9သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
Judges 13:12မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
1 Samuel 2:26သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
Psalms 78:3ဘိုးဘေး တို့သည် ပြော ၍ ငါ တို့သည် ကြား သိ ရ သော ထို အရာများကို၊
2 Timothy 3:15ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းအလိုငှာ ပညာကိုပေးနိုင် သော ဓမ္မ ကျမ်းစာ ကို ငယ် သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ် သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။