Proverbs 23:35
သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 29:19ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
Proverbs 27:22မိုက် သောသူကို စပါး နှင့်အတူ ဆုံ ၌ ကျည်ပွေ့ နှင့် ထောင်း သော်လည်း ၊ မိုက် သောသဘောမ ထွက် တတ်။
Isaiah 56:12လာ ကြ။ စပျစ်ရည် ကို ယူ ခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက် ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန် နေ့ဖြစ် လိမ့်မည်။ ထိုမျှမက ၊ သာ၍ ကြွယ်ဝ လိမ့်မည်ဟု ဆိုတတ်ကြ၏။
Jeremiah 31:18ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
Ephesians 4:19ထိုသူ တို့သည် ရှက်ကြောက် ခြင်းမရှိ၊ တပ်မက် ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူး သောအကျင့်အမျိုးမျိုး ကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိ တို့ကို ကိလေသာ လက်သို့ အပ် လိုက်ကြ၏။