Proverbs 26:2
စာငှက် သည် အရပ်ရပ် လှည့်လည်၍ ၊ ဇရက် သည် လည်း ပျံ သွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်း မရှိသော ကျိန်ဆဲ ခြင်းသည် မ သင့်မရောက် တတ်။
မြန်မာကျမ်းစာ
In The King James Version
As the bird by wandering, as the swallow by flying, so the curse causeless shall not come.
In Context
3မြင်း ဘို့ နှင်တံ ၊ မြင်း ဘို့ ဇက်ကြိုး ၊ မိုက် သောသူ၏ ကျော ဘို့ ကြိမ်လုံး သည် သင့်ပေ၏။
Cross References
Deuteronomy 23:4အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
1 Samuel 17:43ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
2 Samuel 16:12ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။
Psalms 109:28ထိုသူ တို့သည် ကျိန်ဆဲ သော်လည်း ၊ ကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကား ၊ ဝမ်းမြောက် ပါစေသော။