Proverbs 27:17
သံ ကို သံ ဖြင့်ထက် စေသကဲ့သို့ ၊ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။
မြန်မာကျမ်းစာ
In The King James Version
Iron sharpeneth iron; so a man sharpeneth the countenance of his friend.
In Context
Cross References
Joshua 2:24အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။
1 Samuel 13:20ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်း ကို ထက် စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။
2 Samuel 10:11ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
Proverbs 27:9နံ့သာ ဆီနှင့် နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ၊ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။
Isaiah 35:3အား မရှိသောလက် တို့ကို ခိုင်ခံ့ စေကြလော့။ လှုပ် တတ်သော ဒူး တို့ကို မြဲမြံ စေကြလော့။
1 Thessalonians 3:3ငါတို့ခံရသောဆင်းရဲ ခြင်းကြောင့် အဘယ်သူ မျှ မရွေ့လျော့ မည်အကြောင်း၊ သင် တို့ကိုမြဲမြံ စေ၍ ၊ ယုံကြည် ခြင်းအရာ ၌သင် တို့ကို တိုက်တွန်း နှိုးဆော်စေခြင်းငှာသူ့ကို ငါလွှတ်လိုက်၏။