Proverbs 31:26
ပညာ စကားကို ပြော တတ်၍ ၊ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။
မြန်မာကျမ်းစာ
In The King James Version
She openeth her mouth with wisdom; and in her tongue is the law of kindness.
In Context
27အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊
Cross References
Judges 13:23မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
2 Samuel 20:16ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊
Esther 4:4မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။
Esther 7:3မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
Proverbs 10:31ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား ၊ အဖြတ် ခံရလိမ့်မည်။
Proverbs 16:24သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။