Proverbs 6:3
ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ၊ ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား ၊ အဆွေ ခင်ပွန်းထံသို့သွား ၍ ၊ ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
2ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။
4အိပ် မ ပျော်နှင့်။ မျက်စိ မှိတ် ၍ မငိုက် နှင့်။
Cross References
Exodus 10:3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
2 Chronicles 12:5ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင် မြို့၌ စုဝေး သော ယုဒ မင်း များထံ၊ ရောဗောင် မင်းထံ တော်သို့ ပရောဖက် ရှေမာယ သည်လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် တို့သည် ငါ့ ကိုစွန့် သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက် မင်းလက် သို့ အပ် လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊
Psalms 31:8အကျွန်ုပ် ကို ရန်သူ လက် သို့ မ အပ် ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာ ချတော်မူ၏။