Psalms 104:17
ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျ တတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
Where the birds make their nests: as for the stork, the fir trees are her house.
In Context
16ထာဝရဘုရား၏သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။
18မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။
Cross References
Leviticus 11:19ကျား၊ ဝံပို၊ ဝံလို၊-တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊-
Jeremiah 8:7မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ်။
Ezekiel 31:6မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။
Obadiah 1:4သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။