Psalms 105:28
မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
1835 Judson Burmese Bible
In The King James Version
He sent darkness, and made it dark; and they rebelled not against his word.
In Context
29သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
Cross References
Exodus 10:22မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
Psalms 99:7သူတို့အားမိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
Ezekiel 2:8အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊
Joel 2:31ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
2 Peter 2:4အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင် တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။