Psalms 106:35
သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။
1835 Judson Burmese Bible
In The King James Version
But were mingled among the heathen, and learned their works.
In Context
34ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
36သူတို့၏ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။
Cross References
Deuteronomy 12:30သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။
Judges 1:27မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
Judges 3:5ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊
Judges 8:27ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။
Isaiah 2:6အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
1 Corinthians 5:6သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။