Psalms 107:32
လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 18:46ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
Psalms 22:25အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
Psalms 35:18ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
Psalms 46:10ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
Psalms 99:5ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း။
Psalms 111:1ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။