Psalms 107:42
ဖြောင့်မတ်သောသူတို့သည် မြင်၍၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။
1835 Judson Burmese Bible
In The King James Version
The righteous shall see it, and rejoice: and all iniquity shall stop her mouth.
In Context
41ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
Cross References
Job 5:15ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
Job 22:19ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
Psalms 58:10ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။
Psalms 63:11ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသာစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။
Proverbs 10:11ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Isaiah 66:14ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။