Psalms 108:7
သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 17:7မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
Joshua 24:1တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
2 Samuel 7:20ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။
Psalms 60:7ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
Amos 4:2အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
1 Peter 1:8ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊