Psalms 108:8
ဂိလဒ်ပြည်ကိုငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏ အစွမ်းဖြစ်ရ ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။
1835 Judson Burmese Bible
In The King James Version
Gilead is mine; Manasseh is mine; Ephraim also is the strength of mine head; Judah is my lawgiver;
In Context
Cross References
Genesis 49:10ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
Joshua 13:8ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
2 Samuel 2:8သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
Psalms 122:5ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။