Psalms 110:3
တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက်၊ ကြည်ညိုသော စေတနာစိတ်ရှိ၍၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 5:9စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Nehemiah 11:2ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
Psalms 29:2ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
Ezekiel 43:12တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။
Acts 1:8ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Acts 2:41ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။