Psalms 114:2
ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
1835 Judson Burmese Bible
In The King James Version
Judah was his sanctuary, and Israel his dominion.
In Context
1ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊
3ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
Cross References
Exodus 15:17အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
Exodus 19:6သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
Exodus 29:45ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ ဘုရားဖြစ်မည်။
Deuteronomy 7:6အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
Deuteronomy 27:9တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင် လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ လူမျိုးဖြစ်လေပြီ။
Psalms 78:68ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန် တောင်ကို၎င်း ရွေးတော်မူ၏။