Psalms 115:4
သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
1835 Judson Burmese Bible
In The King James Version
Their idols are silver and gold, the work of men’s hands.
In Context
3ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
5ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Cross References
Deuteronomy 4:28ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။
1 Kings 18:29မွန်းလွှဲ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
2 Chronicles 32:19လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
Psalms 135:15သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။
Isaiah 40:19ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။
Isaiah 44:9ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။