Psalms 116:8
ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
For thou hast delivered my soul from death, mine eyes from tears, and my feet from falling.
In Context
7အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
9သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
Cross References
Psalms 37:24ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
Psalms 56:13ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏ အလင်း ထဲမှာဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်ကျင့်နေပါမည် အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ ကယ်လွှတ်တော်မူမည်မဟုတ်လော။
Psalms 94:18ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။
Isaiah 38:5သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။
Revelation 21:4ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။