Psalms 119:105
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
1835 Judson Burmese Bible
In The King James Version
Thy word is a lamp unto my feet, and a light unto my path.
In Context
104ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဉာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
106ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။
Cross References
Psalms 18:28အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
Psalms 43:3အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။
Ephesians 5:13အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။