Psalms 119:128
သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။
1835 Judson Burmese Bible
In The King James Version
Therefore I esteem all thy precepts concerning all things to be right; and I hate every false way.
In Context
127အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
129သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။
Cross References
Deuteronomy 4:8ငါသည် ယနေ့ သင်တို့၌ထားသော တရား အပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီး ရှိသနည်း။
Psalms 18:22စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊
Psalms 119:6အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။
Psalms 119:118အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။
Proverbs 30:5ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
Romans 7:14ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။