Psalms 119:140
နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။
1835 Judson Burmese Bible
In The King James Version
Thy word is very pure: therefore thy servant loveth it.
In Context
139ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။
Cross References
Psalms 12:6ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။
Psalms 18:30ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
Psalms 119:47အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။
Proverbs 30:5ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
Romans 7:16ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။
1 Peter 2:2အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊