Psalms 119:15
ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။
1835 Judson Burmese Bible
In The King James Version
I will meditate in thy precepts, and have respect unto thy ways.
In Context
14ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။
16အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။
Cross References
Genesis 24:63ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။
Psalms 119:6အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။
Psalms 119:48နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
Psalms 119:97ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။
Psalms 119:117အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။
Psalms 119:148ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။