Psalms 119:173
ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။
1835 Judson Burmese Bible
In The King James Version
Let thine hand help me; for I have chosen thy precepts.
In Context
172အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။
Cross References
Joshua 24:15သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
1 Kings 3:11ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
Psalms 37:24ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
Psalms 119:35ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။
Psalms 119:94အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
Psalms 119:117အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။