Psalms 119:30
သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။
1835 Judson Burmese Bible
In The King James Version
I have chosen the way of truth: thy judgments have I laid before me.
In Context
29မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။
31သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။
Cross References
Deuteronomy 6:6ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
Joshua 24:15သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
Psalms 18:23ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။
Psalms 119:29မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။
Psalms 119:111သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။
Proverbs 1:29အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။