Psalms 119:35
ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။
1835 Judson Burmese Bible
In The King James Version
Make me to go in the path of thy commandments; for therein do I delight.
In Context
34ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့် ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။
36အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။
Cross References
Psalms 1:2လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
Psalms 25:4အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။
Psalms 119:27ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
Psalms 119:173ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။
Proverbs 4:11ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
Proverbs 8:20ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊