The Bible Software
bible.software › Psalms › Psalms 121 › Psalms 121:7

Psalms 121:7

ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော် မူလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

The LORD shall preserve thee from all evil: he shall preserve thy soul.

In Context

6နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ။

8ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။

Read all of Psalms 121

Cross References

Genesis 28:15ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။

1 Chronicles 4:10ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။

Psalms 34:22ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။

Psalms 91:9ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊

Psalms 145:20ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။

Matthew 6:13အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 121:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 121:6Psalms 121Psalms 121:8 →