Psalms 124:1
ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
1835 Judson Burmese Bible
In The King James Version
If it had not been the LORD who was on our side, now may Israel say;
In Context
2ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
Cross References
Genesis 31:42ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ၏။
Psalms 27:1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
Psalms 46:11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင် သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
Psalms 56:9ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသော ကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်း ကို ခံရကြမည်ကို ငါသိ၏။
Psalms 94:17ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။
Psalms 120:1အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။