Psalms 124:2
ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
1835 Judson Burmese Bible
In The King James Version
If it had not been the LORD who was on our side, when men rose up against us:
In Context
1ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
3အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
Cross References
Psalms 3:1အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။
Psalms 21:1အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
Psalms 22:16ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။
Psalms 56:10ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ် တော်၌ ဝါကြွားမည်။