Psalms 125:4
အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။
1835 Judson Burmese Bible
In The King James Version
Do good, O LORD, unto those that be good, and to them that are upright in their hearts.
In Context
Cross References
Psalms 32:2ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။
Psalms 41:1ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။
Psalms 73:1အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
Psalms 84:12ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသော သူသည် မင်္ဂလာရှိပါ၏။
Psalms 119:68ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
Isaiah 58:10မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။