Psalms 127:1
ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 2:2ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
1 Chronicles 22:10ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။
1 Chronicles 28:20သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
Psalms 33:16ရှင်ဘုရင်မည်သည်ကား၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
Psalms 78:69သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
Psalms 121:1ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။