Psalms 13:3
အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် စကားကို မျက်နှာ ပြု၍ နားထောင် တော်မူပါ။ အကျွန်ုပ် မျက်စိ ကို လင်း စေတော်မူပါ။ သို့မဟုတ် လျှင် အသေ အိပ် ပျော်ခြင်းသို့ ရောက်ရပါမည်။
မြန်မာကျမ်းစာ
In The King James Version
Consider and hear me, O LORD my God: lighten mine eyes, lest I sleep the sleep of death;
In Context
Cross References
1 Samuel 14:29ယောနသန် ကလည်း ၊ ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။
Psalms 5:1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏စကား ကို နားထောင် တော်မူ၍၊ အကျွန်ုပ် မြည်တမ်း ခြင်းကို ဆင်ခြင် တော်မူပါ။
Psalms 18:28အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ကို ထွန်း ၍၊ အကျွန်ုပ် ၏ဘုရား သခင်သည် အကျွန်ုပ် ၏မှောင်မိုက် ကို လင်း စေတော်မူ၏။
Psalms 31:7ကရုဏာ တော်ကြောင့် ဝမ်းသာ ရွှင်လန်း ခြင်း ရှိပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ် တွေ့ သောအမှုကို သိ မှတ် တော်မူ၏။
Jeremiah 51:39သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
Lamentations 5:1အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ရောက် သော အမှု ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့ခံရသောကဲ့ရဲ့ ခြင်းကိုကြည့်ရှု ၍ ဆင်ခြင် တော်မူပါ။