Psalms 132:10
ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။
1835 Judson Burmese Bible
In The King James Version
For thy servant David’s sake turn not away the face of thine anointed.
In Context
Cross References
1 Kings 11:34သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
2 Kings 8:19သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
2 Chronicles 6:42အိုထာဝရ အရှင်ဘုရားသခင်၊ ဘိသိက်ပေး တော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ၏။
Psalms 84:10တန်တိုင်းတော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
Psalms 144:10အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏။ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏။