Psalms 136:15
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊
1835 Judson Burmese Bible
In The King James Version
But overthrew Pharaoh and his host in the Red sea: for his mercy endureth for ever.
In Context
14ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
16ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
Cross References
Exodus 15:4ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။
Nehemiah 9:10ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
Psalms 78:53ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
Psalms 135:9အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
Luke 1:71ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။