Psalms 142:3
အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
1835 Judson Burmese Bible
In The King James Version
In Context
2ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
Cross References
Psalms 1:6အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ၏။ မတရားသော သူတို့၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။
Psalms 22:14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
Psalms 35:7အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။
Psalms 61:2စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
Psalms 77:3ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။
Psalms 102:4အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။